စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာနိုင်ဖို့နဲ့ ကျန်းမာတဲ့ လူနေမှုဘဝကို မြှင့်တင်ဖို့အတွက် ရပ်ကွက် ၅ ခုမှာ လမ်းလျှောက်လမ်း (Walking Trails) အသစ်တွေကို ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်၊၊ဒါဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လက စတင်ခဲ့တဲ့ Walking Trails @ CDC အစီအစဉ်ရဲ့ ဒုတိယအဆင့်ဖြစ်ပြီး အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့ (NHB) နဲ့ ပူးပေါင်းဖော်ဆောင်ထားတာ ဖြစ်ပါတယ်၊၊ ဒီလမ်းတွေမှာ စင်ကာပူရဲ့ သမိုင်းဝင် အထင်ကရနေရာတွေ၊ ယဉ်ကျေးမှုနယ်မြေတွေကို လေ့လာနိုင်မှာပါ၊၊ဖွင့်လှစ်လိုက်တဲ့ လမ်းတွေအားလုံးဟာ ၅ ကီလိုမီတာအောက်ပဲ ရှိပြီး လမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် (Checkpoints) ၅ ခုစီ ပါဝင်ပါတယ်။လမ်းလျှောက်ရင်းဆုကြေးငွေများ ရယူနိုင်ပါတယ်။လမ်းလျှောက်လမ်းတွေဟာ မိမိဘာသာ လမ်းညွှန်ချက်အတိုင်း လျှောက်ရတာဖြစ်ပြီး ဒစ်ဂျစ်တယ် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်တိုင်း ဗဟုသုတရစရာ သမိုင်းကြောင်းတွေကို လေ့လာနိုင်မှာပါ။
၊
| 9 | 0 | 0 | 0 |


