ဘန်ကောက်ဆိုင်ရှင် အစည်းအရုံးရဲ့ အဆိုအရ ဆီစရိတ်၊ ပါဝင်ပစ္စည်းစရိတ်တွေ တက်နေလို့ လမ်းဘေး စားသောက်ဆိုင်တွေကအစ ဈေးတက်နိုင်ပြီး ဟင်းပွဲတစ်ပွဲကို ၅ ဘတ် ဈေးတက်နိုင်တယ်လို့ပြောပါတယ်။ ဒီဈေးတက်တာက အခုလို ကမ္ဘာ့အရေး မတည်မငြိမ်ဖြစ်နေရင် ဒီလမကုန်ခင်တင် တက်သွားနိုင်တာပါ။အဓိက အားဖြင့် ဆီဈေးတက်တာရယ်၊ သယ်ယူပို့ဆောင်ခ ဈေးတက်တာရယ်၊ အစားအသောက်ဖန်တီးဖို့ သုံးတဲ့ ပါဝင်ပစ္စည်း၊ ထုတ်ပိုးပစ္စည်းတွေအပြင် ဟင်းသီးဟင်းရွက်တွေကအစ ဈေးတက်လာလို့ ၅ ဘတ်လောက်တက်နိုင်တယ်လို့ အစည်းအရုံး ဥက္ကဌ Yada Pornpetrampa ကပြောပါတယ်။ အရင်ကဆို ထိုင်းဟင်းတွေမှာ မပါမဖြစ် ပင်စိမ်းရွက်က တစ်ကီလို ၃၅-၄၀ ဘတ်သာရှိပေမယ့် အခုဆို ၅၀-၅၅ ဘတ်ရှိနေပြီး ခုန်တက်သွားသလို၊ သံပုရာသီးဆိုလည်း တစ်လုံး ၃ ဘတ်ကနေ အခု ၅ ဘတ်လောက်ဖြစ်သွားတာပါ။
Mar 15 • 2:13 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


