back

ကယားပြည်နယ်၊ဒီးမော့ဆိုတွင် ဆီစျေးတက်၍ ဆန်စျေးပါ ထပ်တက်လာ

Mar 15 • 2:08 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဒီးမော့ဆိုတွင် ဆီစျေးတက်၍ ဆန်စျေးပါ ထပ်တက်လာ

ကယား(ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စက်သုံးဆီစျေး မြင့်တက်လာပြီးနောက် ဒေသထွက် ဆန်စျေး တစ်အိတ်လျှင် (၃)သောင်းနီးပါး ထိုးတက်သွားကြောင်း ဒေသခံမျာ...

ကယား(ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စက်သုံးဆီစျေး မြင့်တက်လာပြီးနောက် ဒေသထွက် ဆန်စျေး တစ်အိတ်လျှင် (၃)သောင်းနီးပါး ထိုးတက်သွားကြောင်း ဒေသခံများက ပြောသည်။ယခု မတ်လ အစပိုင်းမှစ၍ ဒီးမော့ဆိုအနောက်ခြမ်းတွင် စက်သုံးဆီစျေး မြင့်တက်လာပြီးနောက် ဒေသတွင်း အများဆုံး စားသုံးကြသည့် ရွှေအပ်၊ ရွှေရင်အေး၊ တရုတ်မွှေး၊ 502 ဆန်များ စျေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။" ဆီတွေ စျေးတက်တော့ ဆန်စက်တွေလဲ စျေးတွေ တက်ကုန်တယ်၊ ပြီးတော့ စပါးတွေကလဲ ရှားလာတာပါတယ်။ အရှေ့ခြမ်းကနေလဲ စပါးတွေက သယ်မရတော့ စျေးတွေ ထိုးတက်ကုန်တယ် " ဟု ဆန်ကုန်သည် တစ်ဦးက ပြောသည်။ဆန်စျေးမှာ စက်သုံးဆီစျေးမတက်ခင်က ဖေဖော်ဝါရီအတွင်း ၂၅ ဝိတ်(ပိဿာ) တစ်အိတ်လျှင် (၉)သောင်းကျပ်မှ (၉)သောင်းခွဲကျပ်အထိသာ ရှိခဲ့သော်လည်း လက်ရှိတွင် (၂၅)ဝိတ် တစ်အိတ်လျှင် (၁)သိန်း (၁)သောင်းမှ (၁)သိန်း (၂)သောင်းခွဲ ဝန်းကျင် ပေါက်စျေးရှိနေသည်။

news-view-count-icon

17