back

ကချင်ပြည်နယ်၊နမ္မတီးမြို့တွင် အဆမတန်ကြီးမားသော မိုးသီးများကျရောက်ခဲ့

Mar 15 • 2:04 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊နမ္မတီးမြို့တွင် အဆမတန်ကြီးမားသော မိုးသီးများကျရောက်ခဲ့

ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ယမန်နေ့ ည ၇ နာရီခန့်က အရွယ်အစား ကြီးမားလွန်းသည့် မိုးသီးများ ကျရောက်ခဲ့မှုကြောင့် လူနေအိမ် အမြောက်အများ၏ သွပ်မိုးများ ပေါက်ပြဲပျက...

ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ယမန်နေ့ ည ၇ နာရီခန့်က အရွယ်အစား ကြီးမားလွန်းသည့် မိုးသီးများ ကျရောက်ခဲ့မှုကြောင့် လူနေအိမ် အမြောက်အများ၏ သွပ်မိုးများ ပေါက်ပြဲပျက်စီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။မိုးသီးဆိုတာဟာ မိုးတိမ်တောင် (Cumulonimbus clouds) တွေအတွင်းမှာ လေစီးကြောင်း အတက်အဆင်း ပြင်းထန်မှုကြောင့် ရေစက်တွေဟာ အပေါ်ဘက် ရေခဲမှတ်အောက် အလွှာကို ရောက်သွားပြီး ခဲသွားရာကနေ ဖြစ်ပေါ်လာတာပါ။ တိမ်ထဲမှာ အချိန်ကြာကြာ လည်ပတ်နေလေလေ မိုးသီးအရွယ်အစားဟာ ပိုကြီးလာလေလေ ဖြစ်ပါတယ်။မတ်လနဲ့ ဧပြီလတွေဟာ မြန်မာနိုင်ငံမှာ မိုးကြိုးမုန်တိုင်းနဲ့ မိုးသီးကျရောက်လေ့ရှိတဲ့ အကူးအပြောင်းကာလ ဖြစ်ပါတယ်။ မိုးသီးကျချိန်မှာ အဆောက်အဦးအခိုင်အမာအတွင်းမှာသာ နေထိုင်ကြဖို့နဲ့ လမ်းဘေးသစ်ပင်ကြီးတွေအောက်မှာ ခိုလှုံခြင်း မပြုကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

news-view-count-icon

46