back

အီရတ်မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ထပ်မံတိုက်ခိုက်ခံရ

Mar 15 • 1:46 AM

breaking-news

Myanmar

International

cover

အီရတ်မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး ထပ်မံတိုက်ခိုက်ခံရ

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးဟာ စနေနေ့က ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခံခဲ့ရတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP (Baghdad) က ...

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးဟာ စနေနေ့က ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခံခဲ့ရတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP (Baghdad) က သတင်းဖော်ပြပါတယ်။ စနေနေ့နံနက်က ပေါက်ကွဲသံတွေကြားရပြီးနောက် မကြာမီမှာ အမေရိကန်သံတမန်ရုံးအထက်က ကောင်းကင်ပေါ်မှာ မီးခိုးမည်းမည်းတွေမြင့်တက်လာတာကို မြင်တွေ့ခဲ့ရတယ်လို့ AFP သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဘဂ္ဂဒက်ရှိ အင်အားကြီးအဖွဲ့ ကာတေးအစ် ဟစ်ဇဘိုလာ Kataeb Hezbollah ကိုပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု နှစ်ခုအတွင်း တပ်မှူးတစ်ဦးအပါအဝင် အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး မကြာမီမှာ အမေရိကန် သံရုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ဒုံးကျည် (ဒါမှမဟုတ်) ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သံရုံးဝန်းအတွင်းရှိ ရဟတ်ယာဉ်ကွင်း (Helipad) နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် (C-RAM) တို့ကို ထိမှန်ပျက်စီးစေခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ လုံခြုံရေးအရာရှိနှစ်ဦးက AFP သို့ ပြောကြားရာမှာတော့ သံရုံးအဆောက်အအုံကို ဒရုန်းတစ်စင်းက ထိမှန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။


news-view-count-icon

16