back

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင် ကားထဲမှဆီကို ပလတ်စတစ်ပုံးအတွင်းသို့ လှယ်ထုတ်ရာမှ ကားမီးလောင်မှုဖြစ်ပွား

Mar 15 • 1:42 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင် ကားထဲမှဆီကို ပလတ်စတစ်ပုံးအတွင်းသို့ လှယ်ထုတ်ရာမှ ကားမီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်တွင် ကားအတွင်းချက်ပေါက်မှ ပလတ်စတစ်ပုံးအတွင်းသို့ ဆီလှယ်ထုတ်ရာမှတည်ငြိမ်သဘာ၀လျှပ်စစ်ဖြစ်ပြီး မီးလောင်မှု ဖ...

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်တွင် ကားအတွင်းချက်ပေါက်မှ ပလတ်စတစ်ပုံးအတွင်းသို့ ဆီလှယ်ထုတ်ရာမှတည်ငြိမ်သဘာ၀လျှပ်စစ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မတ် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင်ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ သုံးမိုင်ခန့်အကွာ ရပ်ကွက်ကြီး (၁၉) ငါးရံ့ချောင်း ရွှေပြည်သာယာဘုန်းကြီးကျောင်းလမ်းဘေးတွင် ရပ်ထား သော ပိုင်ရှင် ဒေါ်....(၃၅) နှစ်၏ TOYOTA ALPHARD (အနက်ရောင်) ယာဉ်ဆီတိုင်ကီ အတွင်းရှိ ၉၅ ဓာတ်ဆီကို ယာဉ်မောင်းဖြစ်သူသည်ကားအတွင်းချက်ပေါက်မှ ၉၅ ထုတ်ယူ ကာပလတ်စတစ်ပုံးအတွင်းသို့ လှယ်ထုတ်ရာတွင်တည်ငြိမ်သဘာ၀လျှပ်စစ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ခရိုင်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးဆောင် ၍တပ်ဖွဲ့ဝင်များ၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ဦးစီး အရာရှိဦးငြိမ်းချမ်းအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ စုစုပေါင်း တပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်ယာဉ်နှစ်စီးတို့ဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့သည်။မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးပေါ့ဆသူအား ပြင်ဦးလွင် မြို့မရဲစခန်းက (ပ) ၄၇။ ၂၀၂၆၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



news-view-count-icon

18