မန္တလေးတွင် ယခုရက်ပိုင်းအတွင်း ကြက်ဥနှင့်ဘဲဥဈေးနှုန်းများမှာ အနည်းငယ်စီမြင့်တက်လာခဲ့ကြောင်းဒေသခံများထံမှ သိရသည်။စက်သုံးဆီရှားပါးမှုပြဿနာအကြောင်းပြချက်ဖြင့် ကြက်ဥနှင့်ဘဲဥဈေးနှုန်းများမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ကြက်သားဈေးနှုန်းများမှာမူ ပုံမှန်အတိုင်းဆက်ရှိနေသေးကြောင်း သိရသည်။"အသားဈေးမတက်ဘဲ ဥဈေးတွေပဲတက်တာ။ ဆီအခြေအနေရှုပ်နေတာကိုအခွင့်ကောင်းယူလိုက်ပုံရတယ်။ အသားငါးထက် ကြက်ဥ၊ ဘဲဥပဲအားထည့်စားနေရတဲ့အခြေခံလူတန်းစားတွေအတွက် ပိုခက်သွားတာပေါ့'"ဟု အောင်မြေသာစံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းကထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြားမြင့်တက်ခဲ့ပြီး ကြက်ဥတစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ်ဝန်းကျင်၊ ဘဲဥတစ်ပိဿာလျှင် ၂၀,၀၀၀ ဝန်းကျင်အထိရှိနေကြောင်းဒေသခံများက ဆိုသည်။
| 13 | 0 | 0 | 0 |


