back

တရုတ်နိုင်ငံ ကုန်းပြင်မြင့်ရှိ နွေဦးဆီးနှင်းများက လယ်ကွင်းများကို ထူထပ်များပြားစွာ ဖုံးလွှမ်းနေ

Mar 15 • 1:35 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ ကုန်းပြင်မြင့်ရှိ နွေဦးဆီးနှင်းများက လယ်ကွင်းများကို ထူထပ်များပြားစွာ ဖုံးလွှမ်းနေ

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျန်းကျီးခရိုင်ရှိ နိုင်ငံတစ်ဝန်း အဓိက ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ထိန်းသိမ်းရေးနေရာဖြစ်သည့် ကျန်းကျီးကျုံးဆန်း ရှေးဟောင်...

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျန်းကျီးခရိုင်ရှိ နိုင်ငံတစ်ဝန်း အဓိက ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ထိန်းသိမ်းရေးနေရာဖြစ်သည့် ကျန်းကျီးကျုံးဆန်း ရှေးဟောင်းရဲတိုက်တွင် မတ်လ ၁၃ ရက်တွင် နွေဦးဆီးနှင်းများ ဖုံးလွှမ်းနေပြီး နှင်းဖုံးလွှမ်းနေသော ကုန်းပြင်မြင့် ကျေးလက်အလှများနှင့် အပြန်အလှန် ထင်ဟပ်သည့် မြင်ကွင်းတစ်ခုပေါ်လွင်လာသည်။

လက်ရှိတွင် ရှီးဇန့်ဒေသအသီးသီးသည် နွေဦးရာသီထွန်ယက်စိုက်ပျိုးခြင်း၏ အဓိကကျသောကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ယခုအကြိမ် ဆီးနှင်းများကျဆင်းခြင်းသည် မြေဆီလွှာစိုစွတ်မှုကို ထိရောက်စွာတိုးတက်ကောင်းမွန်စေပြီး လေထုကို သန့်စင်ပေးကာ ရောဂါပိုးမွှားများကို နှိမ်နင်းပေးမည်ဖြစ်သလို မုယောစပါးစသည့် စိုက်ပျိုးသီးနှံများအတွက် အချိန်မီစိုက်ပျိုးခြင်းနှင့် ပျိုးပင်များကြီးထွားမှုအတွက် ကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးမည်ဖြစ်ရာ ကုန်းပြင်မြင့်တွင် ကောက်ပဲသီးနှံများ အထွက်တိုးစေရန် အထောက်အကူပြုမည်ဖြစ်သည်။

news-view-count-icon

12