ပြီးခဲ့တဲ့ ဖေဖော်ဝါရီနှောင်းပိုင်းနဲ့ မတ်လဆန်းပိုင်းမှာ အကျဘက်ကို ဦးတည်နေတဲ့ မတ်ပဲဈေးတွေဟာ လက်ရှိအချိန်မှာတော့ အတက်ဘက်ကိုပြန်လည် ဦးမော့လာနေပါတယ်။ ဒါပေမယ့် ရာသီဥတုနဲ့ သီးနှံဖျက်ပိုးတွေကြောင့် မတ်ပဲစိုက်ခင်းတွေ ပျက်စီးတာ၊ အထွက်နူန်း လျော့ကျတာတွေ ဖြစ်ပေါ်နေတာကြောင့် အခုတက်လာတဲ့ ဈေးနူန်းဟာ တောင်သူ လယ်သမားတွေ အတွက် အရှုံးကို မကာမိနိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။ ဒီကနေ့ မတ်ပဲအဖွင့်ဈေးဟာ ငွေကျပ် ၉၇,၀၀၀ (ကိုးသောင်းခုနှစ်ထောင်)ကျော်ကစခဲ့ပြီး မွန်းလွဲချိန်မှာတော့ ငွေကျပ် ၁ သိန်းနားထိမြင့်တက်လာခဲ့ပါတယ်။ ဒီအခြေအနေမဟာ မနေ့က မတ်လ ၁၂ ရက်နေ့မှာလည်း ဖြစ်ပေါ်ခဲ့ပေမယ့် အပိတ်ဈေးဟာ ၉၇,၀၀၀ ထိပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် မတ်ပဲဈေးဟာ လတ်တလောမှာတော့ ၁ သိန်းဝန်းကျင်မှာ ရှိနေပါတယ်။ ဒီနှစ် မတ်ပဲစိုက်ခင်းတွေအများစုဟာ ရာသီဥတုကြောင့် စိုက်ပျိုးချိန်နောက်ကျခဲ့ပြီး သွင်းအားစုတွေကို ပြည့်မှီအောင် မသွင်းနိုင်ခဲ့တာကြောင့် အထွက်နူန်းလျော့တဲ့အပြင် ဓနုဖြူ၊ ဟင်္သာတ၊ ကျုံပျော်ခရိုင်တွေအတွင်းမှာ ဗိုင်းရပ်စ်ကြောင့် အပင်တွေဝါကုန်တာကြောင့် ပျက်ဆီးသွားခဲ့တဲ့ စိုက်ကွင်းတွေလည်း ရှိနေပါတယ်။ 
Mar 15 • 1:34 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


