မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ယဉ်ကျန်းခရိုင် ၂၀၂၆ ခုနှစ် မနောပွဲတော်ကို ဂျိန်းဖော ယဉ်ကျေးမှုဥယျာဉ်၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ သောင်းနှင့်ချီသည့် ဂျိန်းဖောလူမျိုး သွေးချင်းများနှင့် ခရီးသွားဧည့်သည်များ ရွှင်မြူးသောဆိုင်းသံဗုံသံဂီတသံများဖြင့် သီဆိုကခုန်ရင်း ပွဲတော်ကို အတူဖြတ်သန်းခဲ့ကြသည်။ “မနောပွဲတော်” သည် “အားလုံးအတူကခုန်ကြစို့” ဟု အဓိပ္ပာယ်ရပြီး ဂျိန်းဖောလူမျိုး၏ အကြီးကျယ်ခမ်းနားဆုံး ရိုးရာပွဲတော်ဖြစ်ပေသည်။ 
| 11 | 0 | 0 | 0 |


