back

ပဲခူးတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

Mar 14 • 3:36 PM

breaking-news

Myanmar

Bago

cover

ပဲခူးတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၊ လျှပ်စစ်ရုံးဝန်းလမ်းရှိ နေအိမ်တစ်လုံးမှာ ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မတ်လ ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်ကမီး...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၊ လျှပ်စစ်ရုံးဝန်းလမ်းရှိ နေအိမ်တစ်လုံးမှာ ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မတ်လ ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်ကမီးလောင်မှုဖြစ်ပွားပါတယ်။အဆိုပါမီးလောင်မှုကို တာဝန်ရှိသူများက မီးငြိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၃) စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြပြီး၊ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ကာ မွန်းတည့် ၁၂ နာရီ ၅၀ အချိန်မှာ မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။



news-view-count-icon

11