ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီးက စားသုံးသူအခွင့်အရေးကာကွယ်ရေးလုပ်ငန်းများသည် လူတန်းစားအလွှာအသီးသီးနှင့် ဆက်စပ်သည့်အရေးပါသောလုပ်ငန်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက် အခမ်းအနားတက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး စားသုံးသူအခွင့်အရေးများ၊ ကုန်ပစ္စည်းအမှတ်အသားစစ်ဆေးမှုနှင့် စားသုံးသူနစ်နာမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေးပြခန်းများဖြင့် ပြသထားကြောင်း သိရသည်။



