back

မန္တလေးမှာ စစ်ကိုင်းတိုင်းကယာဥ်တွေ ဆီရောင်းချမှု ကန့်သတ်

Mar 14 • 2:37 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးမှာ စစ်ကိုင်းတိုင်းကယာဥ်တွေ ဆီရောင်းချမှု ကန့်သတ်

​ယခင်က စစ်ကိုင်းတိုင်းအတွင်းက ယာဉ်တွေဟာ မန္တလေးမြို့ဆီကူးသန်းပြီး စက်သုံးဆီတွေကို ဝယ်ယူလို့ရခဲ့ပေမယ့် ယခု QR စနစ်နဲ့ စက်သုံးဆီရောင်းချတဲ့စနစ် ပြောင်းလဲလိုက်ချိန...

​ယခင်က စစ်ကိုင်းတိုင်းအတွင်းက ယာဉ်တွေဟာ မန္တလေးမြို့ဆီကူးသန်းပြီး စက်သုံးဆီတွေကို ဝယ်ယူလို့ရခဲ့ပေမယ့် ယခု QR စနစ်နဲ့ စက်သုံးဆီရောင်းချတဲ့စနစ် ပြောင်းလဲလိုက်ချိန်မှာတော့ စစ်ကိုင်းတိုင်းက ယာဥ်တွေကို ရောင်းချမပေးတာမျိုး ကန့်သတ်မှုတွေရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ယခုကဲ့သို့ စစ်ကိုင်းတိုင်းလိုင်စင်ယာဉ်တွေကို ကန့်သတ်ခြင်းမှာ တော်လှန်ရေးနယ်မြေများသို့ စက်သုံးဆီနဲ့ လောင်စာဆီများ မရောက်ရှိစေရန်အတွက် ရည်ရွယ်တဲ့ ဖြတ်တောက်မှုမူဝါဒတစ်ခု ဖြစ်နိုင်ကြောင်းဒေသခံတွေက ယူဆပါတယ်။ယာဥ်အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ရင် ဆိုင်ကယ် ၂လီတာ၊ သုံးဘီးနဲ့ အိုးဝေ ၄လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ်စီးကားအမျိုးအစား)၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ကားကြီးများ ၅၀ လီတာသာ တစ်ရက်ခြား ဝယ်ယူခွင့်ကန့်သတ် ထားတာဖြစ်ပါတယ်။ 

 




news-view-count-icon

14