မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အနာဂတ်မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရမည့် မျိုးဆက်သစ်လူငယ်များ ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်၍ မြန်မာ့လက်ရွေးစင် ယူ-၁၆အသင်းအတွက် ပဏာမလူစာရင်းကို ထုတ်ပြန်ကြေညာပေးလိုက်ပါသည်။ပဏာမလူစာရင်းတွင် ရွေးချယ်ခံရသည့် လူငယ်ကစားသမားများအနေဖြင့် မိမိတို့၏ အရည်အသွေးကို ထပ်မံပြသရမည့် နောက်ဆုံးအဆင့် လူရွေးချယ်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ ရွေးချယ်ပွဲအား မတ် ၁၉ ရက်၊ နံနက်ပိုင်းမှ စတင်၍ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)၊ မြက်ခင်းတုကွင်း၌ ပြုလုပ် သွားမည်ဖြစ်သည်။ယင်း ရွေးချယ်ပွဲတွင် လူငယ်ကစားသမားများ၏ နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းနှင့် အသင်းအလိုက် ကစားနိုင်မှုစွမ်းရည်များကို အနီးကပ်စိစစ်၍ အပြီးသတ်လူစာရင်းကို ဆက်လက်ရွေးချယ် သွားမည်ဖြစ်သည်။








