back

မိတ္ထီလာတွင် ဆိုင်ကယ်ဝယ်သလိုပြု၍ ယူကာထွက်ပြေးသွား

Mar 14 • 2:32 PM

breaking-news

Myanmar

Mandalay

cover

မိတ္ထီလာတွင် ဆိုင်ကယ်ဝယ်သလိုပြု၍ ယူကာထွက်ပြေးသွား

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ ၊ အောင်ဆန်းရပ်ကွက် နယ်မြေ(၂)မြို့သစ်စျေးသွားလမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်သို့ မြို့သစ်(၃) ရပ်ကွက်အတွင်း လာရောက်တည်းခိုနေသူ စိ...

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ ၊ အောင်ဆန်းရပ်ကွက် နယ်မြေ(၂)မြို့သစ်စျေးသွားလမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်သို့ မြို့သစ်(၃) ရပ်ကွက်အတွင်း လာရောက်တည်းခိုနေသူ စိုးမိုးကျော်ဆိုသူသည် မတ် ၁၂ ရက်၊ ညနေပိုင်းက ဆိုင်ကယ်ဝယ်လိုကြောင်း ပြောဆိုရောက်ရှိလာရာ ဆိုင်ကယ်ပြင်ဆိုင်အနီး စျေးဆိုင်မှ ကမ်ဘိုအမျိုးအစားဆိုင်ကယ်ကိုပြသခဲ့ကြောင်း၊ အဆိုပါ ဆိုင်ကယ်ကို စိုးမိုးကျော် ဆိုသူမှ စျေးမေးကာခဏစမ်းကြည့်မည်ဟု ပြောဆိုပြီး စမ်းသပ်မောင်းနှင်ကြည့်မည်ဟူ၍ စမ်းသပ်မောင်းနှင်ကာ ဆိုင်နှင့်အနည်းငယ်ကွာဝေးသည့် နေရာအရောက်တွင် ဆိုင်ကယ်ကို မောင်းနှင်ယူဆောင်ထွက်ပြေးသွားခြင်း ဖြစ်သည်။ယင်းဖြစ်စဉ်ကြောင့် သက်ဆိုင်ရာထံ တိုင်ကြားခဲ့ရာ စိုးမိုးကျော် တည်းခိုနေထိုင်ရာသို့ စုံစမ်းရှာဖွေခဲ့ရာ ပြန်လာခြင်းမရှိကြောင်း သိရှိခဲ့ကြရသည်။





news-view-count-icon

12