back

ထိုင်းမှာ ဓာတ်ဆီရှားပါးလာတာကြောင့် မြန်မာနယ်စပ်က ပြည်သူတွေ ပိုခက်ခဲလာ

Mar 14 • 3:37 PM

breaking-news

Thailand

Local News

cover

ထိုင်းမှာ ဓာတ်ဆီရှားပါးလာတာကြောင့် မြန်မာနယ်စပ်က ပြည်သူတွေ ပိုခက်ခဲလာ

လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေး အခြေအနေတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာလည်း ဓာတ်ဆီ ရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေ...

လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေး အခြေအနေတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာလည်း ဓာတ်ဆီ ရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ထိုင်းနိုင်ငံအတွင်းက ဆီဆိုင်ကြီးတွေဟာ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ တရက်ကို ဆီလီတာ တသောင်းနှစ်ထောင်အထက် ပိုမို ရောင်းချခြင်းမပြုဖို့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတာဖြစ်ပြီး ကားငယ်တွေကို တစီး ဘတ် ၁၀၀၀ ဖိုး၊ ကုန်တင်ကားကြီးတွေကို ဘတ် ၁၅၀၀ ဖိုး ရောင်းချပေးနေသလို ပုံးတွေနဲ့ လာဝယ်ပါက တယောက်ကို ဘတ် ၅၀၀ ဖိုး ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် မဲဆောက်၊ ဖော့ဖရား၊ အမ်ဖန်း၊ မဲရမတ်နဲ့ သာဆောင်ယန်း အစရှိတဲ့ ခရိုင်တွေထဲက ဆီဆိုင်တချို့ဟာ မြန်မာလိုင်စင်နံပါတ်နဲ့ ယာဉ်တွေကို ဆီရောင်းချပေးတော့မှာ မဟုတ်ဘူးလို့ ကြေညာစာတွေ ကပ်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ မြန်မာလိုင်စင်နံပါတ်နဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ဓာတ်ဆီနဲ့ ဒီဇယ် ရောင်းချမပေးတော့ဘူးလို့ ထိုင်းဆီဆိုင်တွေက အသိပေးလာတာကြောင့် ရှမ်းအရှေ့ပိုင်းက တာချီလိတ်၊ မိုင်းတုံ၊ မိုင်းပန်၊ မိုင်းဆတ် အစရှိတဲ့ မြို့နယ်တွေအပြင် ကရင်ပြည်နယ်အတွင်းက မြဝတီမြို့လို နယ်စပ်ဒေသရှိ မြို့နယ်တွေက ဒေသခံပြည်သူတွေဟာ ဆီရရှိမှု အခက်အခဲတွေ ပိုမိုဖြစ်ပေါ်ပြီး ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ရှမ်းအရှေ့ပိုင်းဒေသဟာ ပြည်မနဲ့ လမ်းပန်းဆက်သွယ်ရေး ဝေးလံတာကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းရတဲ့ဆီကို အားထားနေရသလို လာအိုနိုင်ငံမှတဆင့်လည်း ပြန်လည် တင်သွင်းနေရတဲ့ အနေအထား ဖြစ်တယ်လို့ သိရပါတယ်။



news-view-count-icon

10