back

၂၀၂၆ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဆက်လက် အားနည်းနေဦးမယ်လို့ ခန့်မှန်း

Mar 14 • 7:01 AM

breaking-news

Thailand

Local News

cover

၂၀၂၆ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဆက်လက် အားနည်းနေဦးမယ်လို့ ခန့်မှန်း

ထိုင်း နိုင်ငံရဲ့ ၂၀၂၆ ခုနှစ် အိမ်ခြံမြေဈေးကွက်ဟာ စီးပွားရေးတိုးတက်မှု နှေးကွေးတာ၊ အိမ်ထောင်စုအကြွေး များပြားတာနဲ့ ဘဏ်ချေးငွေတင်းကျပ်တာတွေကြောင့် ဆက်လက် အားနည်း...

ထိုင်း နိုင်ငံရဲ့ ၂၀၂၆ ခုနှစ် အိမ်ခြံမြေဈေးကွက်ဟာ စီးပွားရေးတိုးတက်မှု နှေးကွေးတာ၊ အိမ်ထောင်စုအကြွေး များပြားတာနဲ့ ဘဏ်ချေးငွေတင်းကျပ်တာတွေကြောင့် ဆက်လက် အားနည်းနေဦးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဒါကြောင့် Thai Condominium Association, Home Builder Association နဲ့ Thai Real Estate Association အသင်း ၃ ခုက ဝယ်လိုအား ပြန်တက်လာစေဖို့အတွက် အိမ်ခြံမြေလွှဲပြောင်းခ လျှော့ချပေးတာနဲ့ ချေးငွေစည်းမျဉ်းတွေ ဖြေလျှော့ပေးတာလိုမျိုး အစိုးရရဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ တောင်းဆိုလိုက်ပါတယ်။အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်က အိမ်ခြံမြေလွှဲပြောင်းမှုတွေ သိသိသာသာ ကျဆင်းခဲ့ပြီး ဒီနှစ်မှာလည်း ပြန်လည်နာလန်ထူဖို့ အနည်းဆုံး နောက်ထပ် တစ်နှစ်လောက် ကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် ဆောက်လုပ်ရေးကုမ္ပဏီတွေဟာ စွန့်စားရမှုတွေ လျှော့ချဖို့အတွက် စီမံကိန်းအသစ်တွေ စတင်တာကို လျှော့ချလိုက်ပြီး လက်ကျန်အိမ်ရာတွေကိုသာ အဓိကထား ရောင်းချနေကြပါတယ်။ လက်ရှိမှာတော့ ဘတ် ၃ သန်းအောက် အိမ်ရာတွေနဲ့ နေရာကောင်းပြီး ဈေးသက်သာတဲ့ တစ်ပတ်ရစ် အိမ်ရာတွေက ဈေးကွက်မှာ အားအကောင်းဆုံး ဖြစ်နေပါတယ်။လက်ရှိမှာ အိမ်စဝယ်မယ့်သူတွေနဲ့ အလယ်အလတ် ဝင်ငွေရှိသူတွေရဲ့ ဝယ်ယူနိုင်စွမ်း ကျဆင်းသွားတဲ့အပြင် ဘဏ်တွေက ချေးငွေချထားပေးဖို့ စိစစ်မှုတွေ တင်းကျပ်နေတဲ့အတွက် အိမ်ရာချေးငွေ ငြင်းပယ်ခံရမှုတွေလည်း များပြားနေပါတယ်။ ဒါကြောင့် အိမ်ခြံမြေဈေးကွက်ဟာ အရင်လို ပြည်တွင်းဝယ်လိုအားကိုပဲ အဓိကအားထားတဲ့ အခြေအနေကနေ ပြောင်းလဲသွားပြီး ဝယ်ယူနိုင်စွမ်းရှိတဲ့ သီးသန့်အုပ်စုတွေကိုပဲ ပစ်မှတ်ထားလာရပါတယ်။ အစိုးရအနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ဒါမှမဟုတ် သက်သာတဲ့ အိမ်ရာစီမံကိန်းတွေ လုပ်ဆောင်ပေးမှသာ ပြည်တွင်းက အခြေခံလူတန်းစားတွေအတွက် အဆင်ပြေနိုင်မယ်လို့ အသင်းခေါင်းဆောင်တွေက အကြံပြုထားပါတယ်။ပြည်တွင်းဝယ်လိုအား ကျဆင်းနေပေမဲ့ ကွန်ဒိုဈေးကွက်ကိုတော့ နိုင်ငံခြားသား ဝယ်ယူသူတွေက အဓိက ပံ့ပိုးပေးထားပါတယ်။ အထူးသဖြင့် တရုတ်၊ မြန်မာ၊ ရုရှား၊ တိုင်ဝမ်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေဟာ ဘန်ကောက်၊ ချွန်ဘူရီ နဲ့ ဖူးခက် တို့မှာ အများဆုံး ဝယ်ယူနေကြပါတယ်။ ကမ္ဘာ့ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လုံခြုံစိတ်ချရတဲ့ ထိုင်း နိုင်ငံဟာ နိုင်ငံခြားသားတွေအတွက် ဒုတိယအိမ်ရာအဖြစ် ရွေးချယ်စရာ ဖြစ်လာတဲ့အတွက် ဆောက်လုပ်ရေးကုမ္ပဏီတွေက နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ အဆင့်မြင့်စီမံကိန်းတွေဘက်ကို ခြေဦးလှည့်လာကြပါတယ်။

news-view-count-icon

17