ICRC က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်မီးရရှိစေရန် ဆိုလာလျှပ်စစ်မီးစနစ် တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။လူနာ(၁၀)ယောက်မှာ (၉)ယောက်လောက်က အသက်ရှုကျပ်တဲ့ပြဿနာရှိကြတယ်။ မီးစက်က အချိန်ပြည့်မလည်နိုင်တော့ အောက်ဆီဂျင်ပေးဖို့ဆိုတာ ကျွန်တော်တို့အတွက် အခက်အခဲတစ်ခုပါပဲ။ အခုလို ဆိုလာလျှပ် စစ်မီးနဲ့ဆိုတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီလိုလူနာတွေရောက်လာတာနဲ့ အောက်ဆီဂျင်ကအဆင်သင့်ပါပဲ"ဟု ပြောသည်။ဆေးရုံအတွက် ဆိုလာလျှပ်စစ်မီးတပ်ဆင်ပေးနိုင်ခဲ့သဖြင့် အရေးပေါ်ကုသမှုများအနက် တစ်ခုအပါအဝင်ဖြစ်သော အောက်ဆီဂျင်အထောက်အကူလိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင်စက်လည်ပတ်နိုင်ရန်လည်းအထောက်အကူရရှိခဲ့ကြောင်း သိရသည်။
ICRC မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အ ဆောက်အအုံများပိုမိုအားကောင်းလာစေရန်၊ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေးပိုပြီးကောင်းမွန်စေရန်၊ ရပ်ရွာနေသူများ ပိုပြီးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပိုမိုရရှိစေရန်ရည်ရွယ်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


