back

တစ်နိုင်ငံလုံး၌စုံ/မ စနစ် ယနေ့စတင်အရေးယူမည်

Mar 14 • 6:58 AM

breaking-news

Myanmar

Local

breaking-news
cover

တစ်နိုင်ငံလုံး၌စုံ/မ စနစ် ယနေ့စတင်အရေးယူမည်

မတ်လ ၇ ရက်မှ စတင်ခဲ့သည့် စုံ/မ စနစ်ဖြင့် ယာဉ်မောင်းနှင်မှုကို ပညာပေးကာလ ပြီးမြောက်ပြီဖြစ်သည့်အတွက် ယနေ့(မတ် ၁၄) ရက်မှစတင်ကာ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း အမ...

မတ်လ ၇ ရက်မှ စတင်ခဲ့သည့် စုံ/မ စနစ်ဖြင့် ယာဉ်မောင်းနှင်မှုကို ပညာပေးကာလ ပြီးမြောက်ပြီဖြစ်သည့်အတွက် ယနေ့(မတ် ၁၄) ရက်မှစတင်ကာ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။စက်သုံးဆီချွေတာရန်အတွက် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များကို စုံ/မ အလှည့်ကျစနစ်ဖြင့် မောင်းနှင်သွားလာခွင့်ပြုထားခြင်းဖြစ်သည်။

အဆိုပါ စုံ/မ စနစ်ကို ယာဉ်မောင်းများသိရှိနားလည်စေနိုင်ရန်အတွက် မတ်လ (၇) ရက်မှ (၁၃) ရက်အထိ ပညာပေးကာလဆောင်ရွက်ခဲ့ပြီး ယနေ့မှစတင်ကာ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။ ဒီနေ့ကစပြီး အရေးယူမှာ။ ဖမ်းဆီးအရေးယူမှုကတော့ မြို့နယ်အလိုက်လုပ်ကြမှာ" ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့အရေးယူဆောင်ရွက်ရာတွင် ၂၀၂၀ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်ဥပဒေပုဒ်မ (၉၆) အရ ဒဏ်ငွေ သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




news-view-count-icon

29