၁၄.၃.၂၀၂၆ ရက်ယနေ့၊ ၀၉ နာရီ၀၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၃)နယ်မြေ၊ အောင်မင်္ဂလာရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုအခြေအနေများ စစ်ဆေးအကြံပြုခြင်း၊ လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်း၊ ရေရရှိရေးဆောင်ရွက်ထားရှိမှုများ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြည့်တင်းထားရှိမှုနှင့် မီးသတ်ယာဉ်ဝင်/ထွက်လမ်း အစရှိသည်တို့အား စစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် 191 Report Mobile Application အကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။



