back

အီရန် ရဲ့ ခြိမ်းခြောက်မှုကြောင့် ပင်လယ်ကွေ့ ဒေသတွင်း ဘဏ်တွေက ဘဏ်ခွဲတွေကို ပိတ်လိုက်တဲ့အတွက် ဒူဘိုင်း ဘဏ္ဍာရေးဗဟိုဌာန ဂယက်ရိုက်

Mar 14 • 7:05 AM

breaking-news

Myanmar

International

cover

အီရန် ရဲ့ ခြိမ်းခြောက်မှုကြောင့် ပင်လယ်ကွေ့ ဒေသတွင်း ဘဏ်တွေက ဘဏ်ခွဲတွေကို ပိတ်လိုက်တဲ့အတွက် ဒူဘိုင်း ဘဏ္ဍာရေးဗဟိုဌာန ဂယက်ရိုက်

ယူအေအီး နိုင်ငံ၊ ဒူဘိုင်း မြို့က အဓိက ဘဏ္ဍာရေးဇုန်ဖြစ်တဲ့ ဒူဘိုင်း နိုင်ငံတကာ ဘဏ္ဍာရေး စင်တာ(DIFC) အနီးမှာ အီရန် မောင်းသူမဲ့လေယာဉ် အပျက်အစီးတွေ ကျရောက်ခဲ့ပြီးနေ...

ယူအေအီး နိုင်ငံ၊ ဒူဘိုင်း မြို့က အဓိက ဘဏ္ဍာရေးဇုန်ဖြစ်တဲ့ ဒူဘိုင်း နိုင်ငံတကာ ဘဏ္ဍာရေး စင်တာ(DIFC) အနီးမှာ အီရန် မောင်းသူမဲ့လေယာဉ် အပျက်အစီးတွေ ကျရောက်ခဲ့ပြီးနောက်မှာတော့ ဒူဘိုင်း ရဲ့ ဘဏ္ဍာရေးဗဟိုဌာနအဖြစ် ရပ်တည်မှုဟာ ထိခိုက်မှုတွေ ရှိလာပါတယ်။ ဒီဖြစ်စဉ်ကြောင့် ပင်လယ်ကွေ့ဒေသတွင်းက ပြည်တွင်းနဲ့ နိုင်ငံတကာ ဘဏ်တွေဟာ ဘဏ်ခွဲတွေကို ယာယီပိတ်သိမ်းပြီး ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားခဲ့ရပါတယ်။အီရန်နိုင်ငံ တီဟီရန်မြို့မှာရှိတဲ့ Bank Sepah နဲ့ ဆက်စပ်နေတဲ့ အဆောက်အအုံတစ်ခု တို-က်ခို-က်ခံရပြီးနောက်မှာ အီရန် ဘက်က အမေရိကန် နဲ့ အစ္စရေး တို့ရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းတွေကို ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ မတ်လ ၁၁ ရက်မှာတော့ အဲဒီ ဘဏ်တွေကို ပစ်မှတ်ထား တို-က်ခို-က်နိုင်တာကြောင့် ပင်လယ်ကွေ့ဒေသတွင်းက ဘဏ်တွေနဲ့ အနည်းဆုံး တစ်မိုင်အကွာမှာ နေထိုင်ကြဖို့ အီရန် ပြောရေးဆိုခွင့်ရှိသူ Ebrahim Zolfaghari က သတိပေးပြောဆိုခဲ့ပါတယ်။အဲဒီ သတိပေးချက်တွေကြောင့် Citigroup ဟာ မတ်လ ၁၄ ရက်နေ့ အထိ ယူအေအီး မှာရှိတဲ့ ဘဏ်ခွဲအများစုကို ယာယီပိတ်ထားပြီး ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခိုင်းထားသလို Goldman Sachs, JPMorgan, UBS, Deutsche Bank နဲ့ BNP Paribas အစရှိတဲ့ ဘဏ်တွေကလည်း အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ဘာရိန်းနိုင်ငံ Manama မြို့က Standard Chartered ဘဏ်ခွဲနဲ့ ကာတာ နိုင်ငံက HSBC ဘဏ်ခွဲတွေကို ယာယီပိတ်ထားပြီး PwC နဲ့ Deloitte လို ကုမ္ပဏီတွေကလည်း ဒူဘိုင်း မှာရှိတဲ့ ရုံးခန်းတွေကို ပိတ်ထားပါတယ်။ဒူဘိုင်း နိုင်ငံတကာ ဘဏ္ဍာရေး စင်တာ အနီးက လူနေအဆောက်အအုံတစ်ခုကို မောင်းသူမဲ့လေယာဉ် အပျက်အစီးတွေ ထိမှန်ခဲ့တာကြောင့် စီးပွားရေးတည်ငြိမ်မှုနဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။ အခုလို ပင်လယ်ကွေ့ဒေသတွင်း ပဋိပက္ခဟာ စ-စ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေတင်မကဘဲ အမေရိကန်နဲ့ အစ္စရေး ဆက်စပ် ဘဏ္ဍာရေးဗဟိုဌာနတွေဆီပါ ကူးစက်လာတဲ့အတွက် ဒေသတွင်း အရေးပါတဲ့ စီးပွားရေးဇုန်တွေမှာ ရေရှည် အနှောင့်အယှက်တွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။


news-view-count-icon

23