back

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄,၈၁၂ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် လာရောက်ဖြေဆိုသူ ၃,၃၆၄ ဦးရှိ

Mar 14 • 3:25 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄,၈၁၂ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် လာရောက်ဖြေဆိုသူ ၃,၃၆၄ ဦးရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၆ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာစာမေးပွဲဖ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၆ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာစာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၆၈,၇၅၃ ဦးရှိပြီး စာမေးပွဲတတိယနေ့တွင် သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄,၈၁၂ ဦး၊ ပျက်ကွက် ၁၃,၉၄၁ ဦးရှိကာ ဖြေဆိုသူ ၉၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိသည်။၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၅၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၃၃၈၆ ဦးရှိပြီး စာမေးပွဲ တတိယနေ့တွင် စက်မှုကျောင်းသား ကျောင်းသူများက သင်္ချာဘာသာရပ်၊ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူများက သီးနှံထုတ်လုပ်ရေး(၂) ဘာသာရပ်၊ မွေးမြူရေးကျောင်းသား ကျောင်းသူများက ဝက်မွေးမြူထုတ်လုပ် ရေးဘာသာရပ်တို့ကိုဖြေဆိုကြပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၃၃၆၄ ဦး၊ ပျက်ကွက် ၂၂ ဦးရှိကာ ဖြေဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။


news-view-count-icon

27