back

ရန်ကုန်၊အင်းစိန်ဂျီတီအိုင်၌ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ကျင်းပ

Mar 14 • 3:22 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်၊အင်းစိန်ဂျီတီအိုင်၌ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ကျင်းပ

EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ Hybrid စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ...

EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ Hybrid စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟာသင်တန်းဆင်းများသည် EV နည်းပညာများကို လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် လုပ်ငန်းတူ မိတ်ဆွေများကို ပြန်လည်မျှဝေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် သင်တန်းမှပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ်လေ့လာသွားရန် လိုအပ်ပါတယ်။အဆိုပါသင်တန်း၌ EV Mec-hanics လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူ မော်ကျူးများဖြင့် သင်တန်းကာလ ငါးရက်၊ သင်တန်းချိန် နာရီ ၃၀ ပို့ချခဲ့ပြီး သင်တန်းသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူသုံးဦး၊ ကားဝပ်ရှော့များမှ သင်တန်းသား ၁၇ ဦးနှင့် ဌာနဆိုင်ရာ သင်တန်းသားငါးဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။



news-view-count-icon

28