back

ဟော်မုဇ်ရေလက်ကြား ဆက်ပိတ်ထားမည်အီရန်ခေါင်းဆောင်သစ် ပြောကြား

Mar 14 • 3:51 AM

breaking-news

Myanmar

International

cover

ဟော်မုဇ်ရေလက်ကြား ဆက်ပိတ်ထားမည်အီရန်ခေါင်းဆောင်သစ် ပြောကြား

အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့အား ခုခံရင်ဆိုင်ရေးအတွက်ဟော်မုဇ် ရေလက် ကြားကို ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာ ဘားအလီခါမေနီက မ...

အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့အား ခုခံရင်ဆိုင်ရေးအတွက်ဟော်မုဇ် ရေလက် ကြားကို ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာ ဘားအလီခါမေနီက မတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။အီရန်နိုင်ငံအား ထိထိရောက်ရောက် ကာကွယ်နိုင်ရေးနှင့် ရန်သူနိုင်ငံများ နောင်တရစေ ရေးတို့အတွက် မိမိတို့ အနေဖြင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ရေးနည်းလမ်းကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘား၏ ကြေညာချက်၌ ဖော်ပြထားသည်။

အထက်ပါကြေညာချက်သည် ဖခင်ဖြစ်သူ အယာတိုလာအလီခါမေနီ၏ နေရာကို ရယူခဲ့ပြီးနောက် ပိုင်းအီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘားက ပထမဆုံးထုတ်ပြန်ခဲ့သော ကြေညာချက်ဖြစ်သည်။အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက် စစ်ရေးတိုက်ခိုက်မှုတွင် အသက် (၈၆) နှစ်အရွယ် အီရန်ခေါင်းဆောင်အယာတိုလာခါမေနီ သေဆုံးခဲ့ရပြီးနောက် အီရန်၊ ရှီးယိုက်စ် တရားဟောဆရာများညီလာခံက အသက် (၅၆) နှစ်အရွယ် မော့ဂ်ျတာဘားကိုအီရန် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အီရန်ခေါင်းဆောင်သစ် မော့ဂ်ျတာဘားက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အမေရိကန် စစ်စခန်းများကိုလက်ခံ နေရာမပေးကြရန် အိမ်နီးချင်းနိုင်ငံများအား တောင်းဆိုထားပြီး ယင်းစစ်စခန်းများရှိနေသေးသရွေ့ဆက် လက်တိုက်ခိုက် နေမည်ဖြစ်ကြောင်း သတိပေး ထားသည်။ အီရန်စစ်ရေးပဋိပက္ခစတင်ခဲ့ ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် အီရန် စစ်ဘက်က ကြိုးပမ်းခဲ့ပြီးယင်းရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် ရေနံတင်သင်္ဘောများနှင့် ကုန်သည်သင်္ဘောများကို တိုက်ခိုက်လျက်ရှိရာ လက်ရှိ အချိန်တွင် ဟော်မုဇ်ရေလက်ကြား၌ရေကြောင်းသွားလာမှုများ ရပ်တန့်လျက်ရှိသည်။အီရန်ခေါင်းဆောင်သစ်၏ ကြေညာချက်ပေါ်ထွက်လာခဲ့ပြီး နာရီအနည်းငယ်အကြာမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အီရန် ခေါင်းဆောင်သစ် မော့ဂ်ျတာဘားကို သတိပေးထားသည်။မိမိအနေဖြင့် အကြမ်းဖက်အဖွဲ့စည်းတစ်ခု၏မည်သည့်ခေါင်းဆောင်ကိုမျှ အသက် အာမခံမူဝါဒ ထုတ်ပေးမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က မတ် ၁၂ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြောခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသည် အီရန်စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အစ္စရေး ဝန်ကြီးချုပ်နေတန်ယာဟု၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲ ဖြစ်သည်။လက်ရှိအချိန်တွင် သီတင်းနှစ်ပတ်ကြာမြင့်နေပြီဖြစ်သော အီရန် စစ်ပွဲအတွင်း သေဆုံးသူ ၂,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်သည်။


news-view-count-icon

15