ထိုင်းနိုင်ငံ၊ ဘန်ကောက် က MBK Mall ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဘတ် သန်း ၃၀ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတု ၁၀၀,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) နဲ့ ဉာဏမူပိုင်ခွင့်ဦးစီးဌာန (DIP) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးရဲ့ နာမည်ပျက်စာရင်းဝင် ဈေးကွက်တွေ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အခုလို ဝင်ရောက်ဖ-မ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီရင်ခံစာမှာ ထိုင်းနိုင်ငံရဲ့ ဉာဏမူပိုင်ခွင့် ချိုးဖောက်မှု အများဆုံးရှိတဲ့ တစ်ခုတည်းဖြစ်တဲ့ ပြင်ပဈေးကွက်အဖြစ် MBK စင်တာကို ဖော်ပြထားပါတယ်။MBK စင်တာအတွင်း ဆိုင်ခန်းနဲ့ သိုလှောင်ရုံ ၁၇ ခုကို မတ်လ ၁၂ ရက်က ဝင်ရောက်ရှာဖွေခဲ့ရာမှာ Dior, Nike, Adidas, Gucci စတဲ့ နာမည်ကြီး ကမ္ဘာ့အမှတ်တံဆိပ် အတုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ MBK စီမံခန့်ခွဲမှုအဖွဲ့ကလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး ကုန်ပစ္စည်းတု ရောင်းချတဲ့ ဈေးသည်တွေရဲ့ ငှားရမ်းခွင့်စာချုပ်တွေကို ချက်ချင်း ဖျက်သိမ်းသွားမယ်လို့ အတည်ပြုထားပါတယ်။နိုင်ငံရဲ့ စီးပွားရေးပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ ကုန်ပစ္စည်းအတု ရောင်းချမှုတွေကို တားဆီးဖို့အတွက် အခုလို ဖ-မ်းဆီးတာဖြစ်ပါတယ်။ ဘန်ကောက် က အဓိက စီးပွားရေးဇုန်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ရာ နေရာတွေကို ပိုမို စောင့်ကြည့်စစ်ဆေးသွားမှာပါ။ ဒါ့အပြင် အွန်လိုင်းကနေ ကုန်ပစ္စည်းအတု ရောင်းချမှုတွေကို နှိမ်နင်းဖို့အတွက်လည်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမယ်လို့ သိရပါတယ်။


