မတ်လ ၁၁ ရက်နေ့တွင်စစ်ကိုင်းတိုင်း တမူးမြို့နယ် အင်းသာကြီးချောင်းတွင် ရေဆင်းချိုးကစားနေစဉ် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် ကလေးနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ချောင်းထဲဆင်းကစားရာမှ လေးဦးလုံး ရေနစ်ခဲ့ပြီး နှစ်ဦးသာ ကုန်းပေါ်သို့ပြန်တက်နိုင်ခဲ့ကာ ကျန်နှစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရသည်။ သေဆုံးသူများမှာ တမူးမြို့ စော်ဘွား(၉)ရပ်ကွက်မှ တစ်ဝမ်းကွဲညီအစ်ကိုများဖြစ်ကြောင်း သိရသည်။



