ကချင်ပြည်နယ် တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်၌ အိမ်ခန်းငှားပြီး ကုန်စိမ်းရောင်ချနေသာ အမျိုးသမီးတစ်ဦး သေဆုံးသူ ဒေါ်ကြည်ကြည်နွယ် အသက် ၄၀ ဘ-ဦးကြည်မောင် ရှမ်း/ဗုဒ္ဓ ကုန်းစျေးရောင်းသူဟာ ဒီနေ့မနက် မိုးမလင်းစျေးအား ရောင်းချရန်သွားခဲ့ပြီး ၎င်းနေရာမှာ အမျိုးသမီးတစ်ဦးနဲ့ စကားအနည်းငယ် ပြောနေကြတယ်လို့ စုံစမ်းသိရပါတယ်။မနက် ၄ နာရီအချိန်ခန့်မှာတော့ သေဆုံးသူက ၎င်းနေအိမ်အခန်းသို့ပြန်လာခဲ့ချိန် လမ်း၌ သွေးများလမ်းတလျောက် ကျခဲ့ပြီးနေအိမ်အခန်းနားရောက်စဥ်"အုန်း" ဆိုပြီးလှဲကျသွားတဲ့အသံကို ဘေးချင်းကပ်ရှိလူများမှကြားရ၍ ထကြည့်ကြစဥ် ဒေါ်ကြည်ကြည်နွယ်ဟာ ဝမ်းဗိုက်အထက် ရင်အောက်၌ ဓားနဲ့ထိုးလျှက် တွေ့ရှိခဲ့တာကြောင့် ချက်ခြင်း တနိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြစဥ် သေဆုံးသွားခဲ့တာပါ။သေဆုံးသူဟာ အိမ်ထောင်ကွဲဖြစ်ပြီး သား ၂ ယောက်ရှိရာ အင်းတော်ဇာတိဖြစ်ပြီး တနိုင်းမှာနေထိုင်တာ ၁၈ နှစ်ရှိပြီလို့သိရပါတယ် အထိုးခံရတဲ့ဓားဟာလည်း မီးဖိုလ်သုံး စတီးဖြင့် အရိုးနက် ဓားဖြစ်နေတာကြောင့််ဒီဖြစ်စဥ်ဟာ အငြိုးတေ ရည်ရွယ်ချက်နဲ့မဟုတ်နိုင်ကြောင်း လူပြတ်ချိန် ပါလာသည့် ပိုက်ဆံလွယ်အိတ်ကို လုယူစဥ် တဖက်က ပါလာသည့် အဆောင်ဓားဖြင့် လုပ်တာဖြစ်နိုင်ကြောင်း နောက် ဆေးသမားလည်း ဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်။



