back

ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြတ်တောက်သွားသော လက်မအား ‌ခြေညှိုးဖြင့် အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

Mar 13 • 4:16 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြတ်တောက်သွားသော လက်မအား ‌ခြေညှိုးဖြင့် အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ခုတင်(၃၀၀)ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီး၏ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်၌ ပြတ်တောက်...

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ခုတင်(၃၀၀)ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီး၏ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်၌ ပြတ်တောက်ထိခိုက်ခဲ့တဲ့ ဝဲလက်မကို ‌ယာဘက်ခြေညှိုးဖြင့် အစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်အရ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကံကြီးရွာမှ အသက် ၃၃ နှစ်အရွယ် ဦးသန့်ဇင်ဦးမှာ ရိတ်ခြွေစက်ပြင်နေစဉ် မူလီကြိုးဖြင့် ဝဲဘက်လက်မ ထိခိုက်မိခဲ့ရာမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်၌ မြန်အောင်ပြည်သူ့ဆေးရုံတွင် ကနဦးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်အရိုးရောဂါ အထူးကုဆေးရုံ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်သို့ လွှဲပြောင်းခဲ့ကာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို့နောက် ပြတ်တောက်ထိခိုက်သွားသော ဝဲလက်မကို ယာဘက်ခြေညှိုးဖြင့် အစားထိုး ရွှေ့ပြောင်းခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သည့်အဖွဲ့မှ မတ် ၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ရာ ခွဲစိတ်ကုသပြီး (၈)ရက်မြောက်နေ့ မတ် ၁၂ ရက်မှာပင် အစားထိုးလက်ချောင်းမှာ ကောင်းမွန်စွာ ရှင်သန်လှုပ်ရှားနိုင်သည့် အခြေအနေမှာရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ပြတ်တောက်သွားသည့်လက်အား ‌ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသမှုကို ပထမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်အနေဖြင့် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ 





news-view-count-icon

27