back

QR Code ဖြင့်စက်သုံးဆီရောင်းချစနစ်ကြောင့် ဆိုင်ကယ်အသုံးပြုလုပ်ကိုင်စားသောက်သူများ အခက်အခဲဖြစ်လာ

Mar 13 • 4:12 PM

breaking-news

Myanmar

Local

cover

QR Code ဖြင့်စက်သုံးဆီရောင်းချစနစ်ကြောင့် ဆိုင်ကယ်အသုံးပြုလုပ်ကိုင်စားသောက်သူများ အခက်အခဲဖြစ်လာ

စက်သုံးဆီများကို QR Code ဖြင့် ရောင်းချသောစနစ်ကို နေပြည်တော်အပါအဝင် မြို့ကြီးအချို့၌ စမ်းသပ်လုပ်ဆောင်လျက်ရှိရာ ဆိုင်ကယ်ကိုအသုံးပြု၍ သွားလာလုပ်ကိုင်စားသောက်နေကြသ...

စက်သုံးဆီများကို QR Code ဖြင့် ရောင်းချသောစနစ်ကို နေပြည်တော်အပါအဝင် မြို့ကြီးအချို့၌ စမ်းသပ်လုပ်ဆောင်လျက်ရှိရာ ဆိုင်ကယ်ကိုအသုံးပြု၍ သွားလာလုပ်ကိုင်စားသောက်နေကြသော အခြေခံလူတန်းစား အများစုမှာ အခက်အခဲများကြုံလာရကြောင်း သိရသည်။အခြေခံလူတန်းစားများမှာ ဆိုင်ကယ်ဖြင့် ကယ်ရီဆွဲစားခြင်း၊ ဆိုင်ကယ်များအသုံးပြု၍ ဈေးရောင်းချခြင်း၊ ပန်းရံ၊ လက်သမားများနှင့် နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်ကြခြင်း စသည်ဖြင့် ရှိကြပြီး ပြင်ပစျေးကွက်တွင် စက်သုံးဆီဈေး မြင့်မားမှု၊ QR Cade ဖြင့်ဝယ်ယူရန် အချက်အလက်မပြည့်စုံမှု၊ (စုံ/မ)ရက်ခွဲခြားထားခြင်း၊ ယခင်လို ပြင်ပလမ်းဘေး ဆိုင်များသိပ်မရှိတော့သည့်အတွက် အလျင်စလို အသုံးပြုချိန်တွင် ဝယ်ယူမှုအခက်ခဲကြုံခြင်း စသည်ဖြင့်ကြုံကာ အလုပ်အကိုင်များ ခက်ခဲကျပ်တည်းလာပြီး မိသားစုစားဝတ်နေရေးပါ ခက်ခဲလာကြခြင်းဖြစ်သည်။






news-view-count-icon

41