QR စနစ်ဖြင့် စက်သုံးဆီရောင်းချခြင်းစနစ်တွင် မော်တော်ယာဉ် Wheel Tax ရှိ QR ကို ဖတ်ရာ၌ မော်တော်ယာဉ်နံပါတ်နှင့် မတူညီသဖြင့် မော်တော်ယာဉ်အချို့ စက်သုံးဆီဝယ်ယူခွင့်မရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများ၏ ပြောကြားချက်များအရ သိရ သည်။စက်သုံးဆီရောင်းချသည့် ဆီဆိုင်များအနေဖြင့်လည်း မော်တော်ယာဉ် Wheel Tax တွင် ဖော်ပြထားသည့် QR ကို Scan ဖတ်ပြီး ပေါ်လာသည့် မော်တော်ယာဉ်နံပါတ်၊ ချက်စီနံပါတ် အစရှိသည်တို့ကို တိုက်ဆိုင်စစ်ဆေးကာ ရောင်းချပေးနေသည်ဟု စက်သုံးဆီအရောင်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။မိမိ၏ ယာဉ်နံပါတ်နှင့် Wheel Tax တွင် ဖော်ပြထားသည့် ယာဉ်နံပါတ်တူညီမှု ရှိမရှိကို Google Play Store တွင် Barcode and QR Scanner ဆိုသည့် အက်ပလီကေးရှင်းကို Download ရယူကာ Wheel Tax တွင်ဖော် ပြထားသည့် QR ကုတ်ကို စကင်ဖတ်ကာ စစ်ဆေးနိုင်ကြောင်း၊ တူညီမှုရှိပါက စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေသော်လည်း မတူညီပါက စက်သုံးဆီဝယ်ယူခွင့်ရရှိနိုင်မည်မဟုတ်ကြောင်း၊ မတူညီပါက သက်ဆိုင်ရာ ယာဉ်လိုင်စင်ရုံးများတွင် သွားရောက်ပြုပြင်နိုင်ကြောင်း မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။



