back

တောင်ဒဂုံ အမှတ်(၂)လမ်းမပေါ် ဘေးတွဲကိုကားတိုက်မိ၍ တစ်ဦး‌ေ*သဆုံး

Mar 13 • 2:36 PM

breaking-news

Myanmar

Yangon

cover

တောင်ဒဂုံ အမှတ်(၂)လမ်းမပေါ် ဘေးတွဲကိုကားတိုက်မိ၍ တစ်ဦး‌ေ*သဆုံး

ယမန်နေ့ မတ် ၁၂ ရက် ည ၈ နာရီ ခွဲအချိန်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းမကြီးပေါ်ရှိ တံတားဖြူ မှတ်တိုင် နှင့် ပင်လုံမီးပွိုင့်ကြားတွင် တိုက်မ...

ယမန်နေ့ မတ် ၁၂ ရက် ည ၈ နာရီ ခွဲအချိန်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းမကြီးပေါ်ရှိ တံတားဖြူ မှတ်တိုင် နှင့် ပင်လုံမီးပွိုင့်ကြားတွင် တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဘေးတွဲမောင်းနှင်သူ အမျိုးသားမှာ ပြင်းထန် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာ၌ပင် ‌ေ*သဆုံးသွားခဲ့ခြင်းဖြစ်သည်။ယမန်နေ့ မတ် ၁၂ ရက် ညနေ ၅ နာရီ အချိန်ခန့်ကလည်း ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ ၂၆ ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး၊ မြယမုံအိမ်ရာရှေ့တွင် စက်ဘီးနှင့် ကုန်တင်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး စက်ဘီးစီးသူ အမျိုးသားမှာ ဦးခေါင်းကွဲ၊ နဖူးပြတ်ရှ၊ လက်ဝဲလက်ကျိုး၊ လက်ဝဲခြေကျိုး ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများ မှ သိရသည်။ 



news-view-count-icon

14