မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် ပြင်ပမှရေသန့်များ ပေးပို့ခြင်းကန့်သတ်ထားပြီး ထောင်အတွင်းသန့်ရှင်းမှုမရှိသည့်ရေများကို အကျဉ်းသားများ နေ့စဉ် သောက်သုံးနေရသဖြင့် ကျန်းမာရေးပြဿနာ ပိုမိုဖြစ်ပွားလာနေကြောင်းသိရပါငည်။ ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားများ သောက်သုံးနေရသည့် ရေများတွင် အနံ့နံခြင်း၊ ရေညှိများနှင့် မသိရသည့်အဖက်များပါဝင်နေသည့်အပြင် ထုံးကဲ့သို့ အဖြူရောင်အမှုန်များလည်း ရေသိုလှောင်ထားသည့် ဗူးကြီးများတွင် ကပ်ညှိနေသည်ဟု ဆိုသည်။ထိုသို့ မသန့်ရှင်းသော ရေများကိုသာ သောက်သုံးနေရပြီး ရေလုံလောက်စွာ သုံးစွဲခွင့်မပေးဘဲ ကန့်သတ်ထားသဖြင့် အကျဉ်းသားများ ဆီးကျောက်တည်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာရောဂါများ ဖြစ်ပွားနေကြသည်ဟု သိရသည်။



