YBS ယာဉ်လိုင်းတချို့ ပြေးဆွဲအစီးရေနည်းပါးခြင်းမှာ ယာဥ်အပိုပစ္စည်းရှားပါးခြင်းနှင့် စက်ရုံဖယ်ရီအသုံးပြုခြင်းများကြောင့်ဖြစ်သည်ဟု YRTC တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။အနောက်ပိုင်း တက္ကသိုလ်မှရန်ကုန်ဘူတာကြီးသို့ပြေးဆွဲနေသည့် YBS 93 ၊ တောင်ဒဂုံ(ကျီစု) မှ လင်းစဒေါင်းသို့ပြေးဆွဲနေသည့် YBS 100 ၊ ဒဂုံဆိပ်ကမ်းမှ ညောင်တန်းသို့ပြေးဆွဲနေသည့် YBS 5 ၊ ယုဇနဥယျာဉ်မြို့တော်မှဆူးလေသို့ပြေးဆွဲနေသည့် YBS 3 ၊ YBS ၂၆ အစရှိသည့် ယာဉ်များအား နာရီနှင့်ချီကြာသည်အထိ စောင့်ဆိုင်းရကြောင်း ခရီးသည်များထံမှသိရသည်။စက်ရုံများသို့ ဖယ်ရီပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ကို ပထမအကြိမ်အဖြစ် ဒဏ်ကြေး ကောက်ခံမည်ဖြစ်ပြီး လိုက်နာခြင်းမရှိဘဲ ထပ်မံပြေးဆွဲပါက ယာဉ်လိုင်း ဖျက်သိမ်းသည်အထိအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှသိရသည်။



