ဟိုပုံးမြို့နယ်တွင်မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီးမိုးသီးပါကျ၍ စတော်ဘယ်ရီစိုက်ခင်းအချို့ထိခိုက်ပျက်စီးသလို၊ သနပ်ဖက် နှင့်အခြားသီးနှံများပျက်စီး သွားကြောင်းဒေသခံတစ်ဦးထံမှသိရသည်။စတော်ဘယ်ရီ အသီးများသည် မိုးရွာလျှင်ပင်ပိုးကောင်ထိုး ပျက်စီးနေပြီဖြစ်ပြီး မိုးသီးပါကျ၍ အပင်ပါထိခိုက်သွားကြောင်းသိရသည်။ဟိုပုံးမြို့နယ် နောင်ခွံရွာ၊ နောင်ဗုတ်ရွာတွင် မိုးသီးအများအပြားကျခဲ့ကြောင်း ဒေသခံများထံ သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် နွေရာသီအစကာလများ၌ လေထုအပူချိန်မြင့်တက်မှုနှင့်အတူ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကျခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။



