စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအရ မော်လမြိုင်မြို့တွင် စက်သုံးဆီဈေး ယခင်ထက် ကျပ် ၅၀၀ နှင့် ၆၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။ယနေ့ မတ်လ ၁၃ ရက်တွင် ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၃၃၃၀၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၃၄၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၄၁၈၅ နှင့် ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၄၂၂၅ ကျပ်အထိ မြင့်တက်လာခဲ့သည်။



