တောင်သူများကိုယ်တိုင် ဟင်းသီးဟင်းရွက် မျိုးစေ့များထုတ်လုပ်နိုင်ရန်ရည်ရွယ်သည့် “မျိုးစေ့မျိုးမှန်ရရှိဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့” အမည်ရှိဆွေးနွေးပွဲတစ်ခုကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်သော Safe Food From Safe Farm ဆွေးနွေးပွဲ အမှတ် (၃) အဖြစ် ယခုလ ၁၅ရက်နံနက် (၉:၀၀) နာရီမှ နေ့လည် (၃:၀၀) နာရီထိရန်ကုန်မြို့၊မြေပဒေသာဥယျာဉ်ရှိသင်တန်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



