back

ရှမ်းပြည်နယ်တောင်ကြီး၊ နောင်ဗုတ်ရွာတွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးကျနေ

Mar 13 • 7:53 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်နယ်တောင်ကြီး၊ နောင်ဗုတ်ရွာတွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးကျနေ

ရှမ်းပြည်၊တောင်ကြီးမြို့နယ်၊ နောင်ဗုတ်ကျေးရွာတွင် ယမန်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးသီးများ သည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ယမန်နေ့ မတ်လ ၁၂ ရက...

ရှမ်းပြည်၊တောင်ကြီးမြို့နယ်၊ နောင်ဗုတ်ကျေးရွာတွင် ယမန်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးသီးများ သည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ယမန်နေ့ မတ်လ ၁၂ ရက်၊ ညနေ ၃ နာရီခန့်တွင် တောင်ကြီးမြို့နယ်၊ နောင်ဗုတ်ရွာ၌ လေပြင်းတိုက်ခတ်ကာ မိုးသီးများ သည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။မိုးသီးတွေ တအားရွာတာ။ အိမ်မှာမွေးထားတဲ့ ကြက်ကလေးတွေ မိုးသီးထိပြီး အကုန်သေကုန်တယ်။ အိမ်အမိုးတွေလည်း ပေါက်ထွက်ကုန်တယ်" ဟု နောင်ဗုတ်ရွာ ဒေသခံတစ်ဦးက ဆိုသည်။ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၌လည်း မိုးရွာသွန်းခဲ့ပြီး လှိုင်သာယာမြို့နယ်တွင် မိုးနှင့်အတူ မိုးသီးများပါ ကြွေကျခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ဧရာဝတီတိုင်းရှိ မြန်အောင်၊ ပဲခူးတိုင်းရှိ ပေါင်းတည်နှင့် ရှမ်းပြည်အရှေ့ပိုင်း ပင်လုံမြို့တို့တွင်လည်း မိုးသီးများ ကျရောက်ခဲ့ကြောင်း သတင်းများအရ သိရသည်။မိုးလေဝသပညာရှင် ဒေါက်တာစိုင်းခွန်အာကာက ၄၈ နာရီအတွင်း ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်အများအပြား အပါအဝင် ကယား (ကရင်နီ) ပြည်နယ်ရှိ မြို့နယ်အချို့တွင် မိုးများ ဆက်လက်ရွာသွန်းနိုင်ကြောင်း ယမန်နေ့က ခန့်မှန်းထုတ်ပြန်ထားသည်။

news-view-count-icon

19