back

ပြည်တွင်းဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲကိုကျင်းပ

Mar 13 • 7:42 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲကိုကျင်းပ

ပြည်တွင်းရှိသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင...

ပြည်တွင်းရှိသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယမာန်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။ ထိုသို့ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများတက်ရောက်သည်။

news-view-count-icon

19