back

နက်တို ဖြစ်ရပ်အပေါ် UEFA မှစုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်

Mar 13 • 7:39 AM

breaking-news

Myanmar

International

cover

နက်တို ဖြစ်ရပ်အပေါ် UEFA မှစုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်

ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဘောကောက်ကလေးငယ်ကို တွန်းခဲ့တဲ့ ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး နက်တိုရဲ့ ဖြစ်ရပ်အပေါ် UEFA က စု...

ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဘောကောက်ကလေးငယ်ကို တွန်းခဲ့တဲ့ ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး နက်တိုရဲ့ ဖြစ်ရပ်အပေါ် UEFA က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ပီအက်စ်ဂျီအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ ဘောကောက် ကလေးငယ် ဆီကနေ ဘောလုံးကို ရယူဖို့ကြိုးစားချိန်မှာ နက်တိုက ဘောကောက်ကလေးငယ်ကိုတွန်းခဲ့တာဖြစ်ပြီး ကလေးငယ် က ထိုင်ခုံပေါ်ကနေ လဲကျသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ နှစ်ဖက်ကစားသမားတွေလည်း ပါဝင်လာခဲ့ပြီး အပြန်အလှန်အချင်း များခဲ့ကြပါတယ်။ UEFA ဘက်ကတော့ နက်တိုရဲ့ ဒီအပြုအမူက အားကစားသမား မပီသတဲ့ အပြုအမူဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး စုံစမ်းမှုတွေ စတင်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။UEFA ရဲ့ စည်ကမ်း ထိန်းသိမ်းရေးကော်မတီက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။ တကယ်လို့ နက်တိုအနေနဲ့ အပြစ်ရှိကြောင်း သတ်မှတ်ခံရမယ်ဆိုရင်တော့ ၁ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ နက်တိုကတော့ ပွဲချိန်အတွင်း စိတ်လှုပ်ရှားမှုမြင့်တက်နေတဲ့အချိန်မှာ အမှားကျူးလွန် မိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဘောကောက်ကလေးငယ်ကို ပြန်တောင်းပန်ခဲ့သလို သူ့အင်္ကျီကိုလည်း လက်ဆောင် အဖြစ် ပေးခဲ့ပါတယ်လို့ ပွဲအပြီးမှာ ပြောထားပါတယ်။


news-view-count-icon

15