ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဖြေဆိုခဲ့သည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ ရလဒ်များကို လာမည့်မတ်လ ၁၆ ရက်တွင် ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းသင်းမှ သိရပါတယ်။သင်တန်းကျောင်းများအနေဖြင့် အဆိုပါစာမေးပွဲရလဒ်များကို ကျောင်းသားများအတွက် စုပေါင်းထုတ်ယူမည်ဆို ပါကကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူများကို ပြည့်စုံစွာ ယူဆောင်လာရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ရန်ကုန်စာဖြေဌာနတွင် လျှောက်ထားဖြေဆိုသူများအနေဖြင့် ရလဒ်များကို မတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပိတ်ရက်မရှိ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် မတ်လ ၂၂ ရက်နေ့နောက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ JLPT Center ၌ ထုတ်ယူနိုင်ကြောင်း သိရပါတယ်။
မန္တလေးစာဖြေဌာနတွင်လျှောက်ထားဖြေဆိုသူများနေဖြင့် ရလဒ်များကို မတ်လ ၁၆ ရက်နေ့မှ ၂၂ရက်နေ့အထိ MAJA Office (Mandalay Branch)၌ ပိတ်ရက်မရှိ ထုတ်ယူနိုင်မည်ဖြစ်ပြီး မတ်လ ၂၂ ရက် နောက်ပိုင်းတွင် တနင်္လာနေ့မှ သောကြာနေ့အတွင်းသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။



