CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၈၅၀ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ ၁၂ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။FX Trading မှာ စားသုံးဆီမှ (၁၈%)၊ စက်သုံးဆီမှ (၄၉%)၊ ဓာတ်မြေသြဇာမှ (၃%)၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းမှ (၅%)၊ ကတ္တရာမှ (၁%)၊ ကား/ဆိုင်ကယ်အပိုပစ္စည်းမှ (၄%)၊ စက်မှုကုန်ကြမ်းမှ (၄%)၊ စားသုံးကုန်စည်များမှ (၈%)၊ တိရိစ္ဆာန်အစာမှ (၁%)၊ အခြားကုန်စည်များနှင့် Non Trade Transation များမှ (၇%) အသီးသီး နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။ဗဟိုဘဏ်အနေနဲ့ မတ်လ ၁၂ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၅၈ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။



