back

ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နဲ့အတူတရားခံများဖမ်းဆီးရမိ

Mar 13 • 6:05 AM

breaking-news

Myanmar

Local

breaking-news
cover

ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နဲ့အတူတရားခံများဖမ်းဆီးရမိ

မတ်လ ၁၂ ရက်နေ့ ၁၈နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့...

မတ်လ ၁၂ ရက်နေ့ ၁၈နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နမ်းခင်နွဲ့(၁)ကျေးရွာနေ စိုင်းဆမ်နွန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၂၅၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၇၁.၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းဆမ်နွန်း(၄၁)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

22