ကချင်ပြည်နယ်တွင်း ရွှေကူမြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သံသတ္တုရိုင်းကို ကျယ်ကျယ်ပြန့်ပြန် တူးဖော်လာကြပြီး လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ကြီးကြပ်လုပ်ဆောင်နေကြပါတယ်။ရွှေကူမြို့နယ် အရှေ့ဘက် စီသာ၊ စီသောင် ကျေးရွာတွေကနေ ၅ မိုင်ခန့်ဝေးတဲ့ တောထဲမှာ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၅ ခုနှစ် ဇွန်လကစပြီး သံသတ္တုရိုင်းတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦး ပြောပါတယ်။“သူတို့ ဝင်လာတာက မနှစ်က မိုးရာသီလောက်က စဝင်တာ မနှစ်ကလည်း တစ်မိုးလုံး တောက်လျှောက်တူးတယ်။ ဒီနှစ်လည်း ဆက်တိုက်တူးနေတာပဲ တူးတာက ဘတ်ဖိုးတွေနဲ့တူးပြီး သယ်ထုတ်တာကတော့ ကားကြီးတွေနဲ့ တရုတ်ပြည်ဘက်ကို သယ်ထုတ်နေတယ်” လို့ အသက် ၄၀ ကျော်အရွယ် အဆိုပါ အမျိုးသားက ပြောပါတယ်။လက်ရှိမှာ တရုတ်လုပ်ငန်းရှင်လေးဦးက ဘတ်ဖိုး ၁၀ စီးနဲ့ တူးဖော်နေပြီး ရရှိလာတဲ့ သံသတ္တုရိုင်းကုန်ကြမ်းတွေကို ရွှေကူမြို့ကနေ နယ်စပ်ကတရုတ်ပြည်ကို ပို့ဆောင်နေကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ်၌ သံသတ္တုရိုင်းတူးဖော်မှုကြောင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးကာ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာ
Mar 13 • 3:27 AM
Myanmar
Kachin
Share
| 10 | 0 | 0 | 0 |


