ထိုင်းမှာ အွန်လိုင်းရှော့ပင်း ကျားဖြန့်ကြောင့် ချွေးနှဲစာတွေ ဘတ် သန်း ၄၄၀ ဖိုးဆုံးရှုံးခဲ့တယ်လို့ Anti Cyber Scam Centre -ACSC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ACSC တာဝန်ရှိသူ ရဲချုပ် Gen Jirabhop ရဲ့ အဆိုအရ ဖေဖော်ဝါရီ ၂၂- ၂၈ ရက် တစ်ပတ်ထဲမှာပဲ 7,344 မှုတိုင်ကြားခံရပြီး အရင်ရှေ့အပတ်ထက် 611 မှုများနေတာပါ။ တစ်ပတ်ထဲကို လိမ်ခံရတဲ့ ပမာဏက ဘတ် သန်း ၄၄၀ ရှိပြီး ဒီထဲက 4,996 မှုက အွန်လိုင်းရှော့ပင် ငလိမ်တွေပါ။ နောက်ထပ် လိမ်မှုတွေကတော့ အလုပ်အကိုင်နဲ့ ပတ်သက်တာ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖုန်းနဲ့ ခြိမ်းခြောက်တွေပါတယ်လို့ ဆိုပါတယ်။Online Shopping တွေက ကြေးနည်းပေမယ့် ခဏ ခဏ လူတွေကို လိမ်ပြီး အကြိမ်ရေများများ လိမ်တတ်တဲ့ သဘာဝရှိသလို၊ လူအများအပြားခံရတယ်လို့လည်း လေ့လာချက်အရသိရပါတယ်။ ငွေကြေးအရ ဆုံးရှုံးမှု အများဆုံး လိမ်လည်နည်းက ခြိမ်းခြောက်မှုတွေဖြစ်ပြီး ဘတ် ၈၆.၂ သန်း ကနေ ဘတ် ၁၁၇.၈ သန်းဝန်းကျင်၊ သူ့နောက်မှာ ရင်းနှီးမြှုပ်နှံမှုကျားဖြန့်၊ အလုပ်အကိုင်စတာတွေရှိနေပါတယ်။



