back

IEA အရန်ရေနံများ ထုတ်ပေးသော်လည်း ရေနံဈေးနှုန်း ဒေါ်လာ ၁၀၀ အထက်တွင်သာရှိ

Mar 13 • 3:12 AM

breaking-news

Myanmar

International

cover

IEA အရန်ရေနံများ ထုတ်ပေးသော်လည်း ရေနံဈေးနှုန်း ဒေါ်လာ ၁၀၀ အထက်တွင်သာရှိ

ရေနံဈေးနှုန်းများ တည်ငြိမ်မှုရရှိရန် အမေရိကန်ထံမှ စည်ပေါင်း ၁၇၂ သန်းအပါအဝင် ၎င်းတို့သို လှောင်ထားသော အရန်ရေနံ စည်သန်းပေါင်း ၄၀၀ ကို ဖြန့်ချိသွားမည်ဟု နိုင်ငံတကာ...

ရေနံဈေးနှုန်းများ တည်ငြိမ်မှုရရှိရန် အမေရိကန်ထံမှ စည်ပေါင်း ၁၇၂ သန်းအပါအဝင် ၎င်းတို့သို လှောင်ထားသော အရန်ရေနံ စည်သန်းပေါင်း ၄၀၀ ကို ဖြန့်ချိသွားမည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင် စီ - IEA က ကြေညာခဲ့သော်လည်း ရေနံစိမ်းဈေး နှုန်းများ မြင့်မားနေဆဲဖြစ်သည်။အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဆင်‌ရေး တတိ ယသီတင်းပတ်အတွင်း ဝင်ရောက် လာစဉ် အီရန်ကလည်း ပင်လယ်ကွေ့တစ်ဝန်း ဆက် လက်၍ လက်တုံ့ပြန် တိုက်နေသဖြင့် စစ်ပွဲအရှိန်လျော့ကျသွားမည့် အရိပ်အ‌ယောင် မရှိသေးပေ။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံ ၅ ပုံတစ်ပုံစီးဆင်းသော ဟောမုဇ်ရေလက်ကြား လုံးဝနီးပါး ဖြတ်သန်းမရဘဲ အီရန်ကလည်း ဒေသတွင်းမှ ရေနံတင်ပို့မှုများ ပြတ်တောက်သွားစေရန် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေရာ နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ ကြေညာ ချက်က ရေနံစိမ်းဈေး နှုန်းများအပေါ် စိုးရိမ်မှုများကို မကျော်လွှားနိုင်ဖြစ်နေသည်။

ကမ္ဘာတစ်ဝန်းအသုံးပြုသော Brent စံနှုန်းရေနံစိမ်းသည် တစ်စည်လျှင် ၉ ရာခိုင်နှုန်း မြင့်တက်သွားကာ ဒေါ်လာ ၁၀၁ ဒသမ ၅၉ အထိ ရောက်ရှိသွားခဲ့ပြီး အမေရိကန်စံနှုန်း WTI က တစ်စည်လျှင် ၉၆ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ၎င်းရေနံစိမ်းဈေးနှုန်း၂ မျိုးစလုံးသည် တနင်္လာနေ့က ၃၀ ရာ ခိုင်နှုန်းအထိ ဈေးထိုးတက်ကာ တစ်စည်လျှင် ဒေါ်လာ ၁၂၀ အထိ ရောက်ရှိခဲ့ပြီး စစ်ပွဲ မကြာမီ အဆုံးသတ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက်တွင် ဒေါ်လာ ၈၀ ကျော်အထိ ပြန်ကျခဲ့သော် လည်း ယခုတစ်ဖန် ပြန်တက်သွားခြင်းဖြစ်သည်။အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံး သတ်မည့် အလားအလာ မရှိသောကြောင့်လည်း ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၉၀ နှင့် ၁၀၀ ကြားတွင် ကြာမြင့်စွာ ရှိနေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ကမ္ဘာ့စီးပွားရေးကို ဖျက်ဆီးပစ်နိုင်သည့် ကြာရှည်သော စစ်ပွဲတစ်ပွဲကို ဆင်နွှဲရန် အသင့်ရှိကြောင်း အီရန်ကလည်း သတိပေးထား သည်။



news-view-count-icon

16