back

ပဲအသစ်များ ဝင်ရောက်မှုရှိချိန် ပြည်ပအဝယ်အေးပြီး မြန်မာ့မတ်ပဲဈေးအေးလာ

Mar 13 • 2:41 AM

breaking-news

Myanmar

Local

cover

ပဲအသစ်များ ဝင်ရောက်မှုရှိချိန် ပြည်ပအဝယ်အေးပြီး မြန်မာ့မတ်ပဲဈေးအေးလာ

ပြည်ပပို့ကုန် ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲမှာ အိန္ဒိယနိုင်ငံ၏ ဈေးကွက်ကျဆင်းမှု၊ ဝယ်လိုအားနည်းမှု စသည့်အခြေအနေများကြောင့် ဈေးကွက်အေးနေကြောင်း ကုန်သည်များထံမှ သိရသ...

ပြည်ပပို့ကုန် ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲမှာ အိန္ဒိယနိုင်ငံ၏ ဈေးကွက်ကျဆင်းမှု၊ ဝယ်လိုအားနည်းမှု စသည့်အခြေအနေများကြောင့် ဈေးကွက်အေးနေကြောင်း ကုန်သည်များထံမှ သိရသည်။လက်ရှိ အိန္ဒိယနိုင်ငံတွင်လည်း ဆောင်းမတ်ပဲများ ဈေးကွက်အတွင်း ဝင်ရောက်နေပြီး လောင်စာဆီ အခက်အခဲကြောင့် ဈေးကွက်ကျနေသလို ပြည်တွင်း၌လည်း ဆောင်းမတ်ပဲအသစ်များ ဈေးကွက်ထဲ ဝင်ရောက်နေသည့်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတခြင်းကြောင့် ဈေးကွက်အေးလာခြင်း ဖြစ်သည်ဟု ဆိုသည်။မတ် ၁၁ ရက်နေ့ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွင် မတ်ပဲ FAQ တစ်တန်လျှင် ၃,၀၀၆,၀၀၀ ကျပ်ရှိပြီး နယ်မတ်ပဲဈေးကွက်တွင် ပိဿာ ၂၀ တစ်တင်းလျှင် ၉၂,၀၀၀ ကျပ်မှ ၉၆,၅၀၀ ကျပ်အထိ ရှိနေသည်။"ဒီမှာ မတ်ပဲအသစ်တွေက နေ့တိုင်းအဝင်ရှိနေတယ်။ အိန္ဒိယမှာလည်း ပဲအသစ်တွေဝင်ပြီး ဈေးကျတယ်။ အိန္ဒိယဈေးကွက်ကျရင် မြန်မာဘက်လည်း ကျတာ ထုံးစံပဲ။ သူတို့ ဝယ်လိုအားကောင်းပြီး ဈေးပေးဝယ်ရင် ဈေးကောင်းရမယ်၊ ဈေးချဝယ်ရင် ကျမယ်" ဟု ကုန်သည်တစ်ဦးက ပြောသည်။

news-view-count-icon

29