back

နိုင်ပွဲ(၁၀၀) တတိယအမြန်ဆုံးပြည့်မြောက်တဲ့ အက်စတွန်ဗီလာနည်းပြအဖြစ် အူနိုင်းအမ်မရီ မှတ်တမ်းဝင်

Mar 13 • 2:41 AM

breaking-news

Myanmar

International

cover

နိုင်ပွဲ(၁၀၀) တတိယအမြန်ဆုံးပြည့်မြောက်တဲ့ အက်စတွန်ဗီလာနည်းပြအဖြစ် အူနိုင်းအမ်မရီ မှတ်တမ်းဝင်

စပိန်နည်းပြ အူနိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းရဲ့သမိုင်းမှာ နိုင်ပွဲ(၁၀၀) တတိယအမြန်ဆုံးပြည့်မြောက်တဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။အူနိုင်းအမ်မရီဟာ...

စပိန်နည်းပြ အူနိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းရဲ့သမိုင်းမှာ နိုင်ပွဲ(၁၀၀) တတိယအမြန်ဆုံးပြည့်မြောက်တဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။အူနိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းက လိုင်လီအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။အက်စတွန်ဗီလာအသင်းကို ၂၀၂၂ နိုဝင်ဘာမှာ စတင်ကိုင်တွယ်ခဲ့တဲ့ အူနိုင်းအမ်မရီဟာ ပွဲပေါင်း(၁၈၁)ပွဲ ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲ(၁၀၀) ပြည့်ခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာအသင်းမှာ သူ့ထက် ပွဲအရေအတွက်နည်းပြီး နိုင်ပွဲ(၁၀၀)ပြည့်ခဲ့သူက ရော့ဘ်ဆောင်းဒါးစ်နဲ့ ဂျိုးမာဆာတို့နှစ်ဦးသာရှိကြောင်း သိရပါတယ်။ဒါပေမဲ့ အူနိုင်းအမ်မရီက နိုင်ပွဲရာခိုင်နှုန်း (၅၅.၂)% ရရှိထားတာကြောင့် အက်စတွန်ဗီလာအသင်းရဲ့သမိုင်းမှာ နိုင်ပွဲရာခိုင်နှုန်းအများဆုံးရရှိတဲ့နည်းပြအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

news-view-count-icon

13