back

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ထောင်နီးပါးဝင်ဖြေ၊ မြို့နယ်အများစု စာစစ်ဌာနတစ်ခုသာဖွင့်နိုင်

Mar 13 • 2:40 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ထောင်နီးပါးဝင်ဖြေ၊ မြို့နယ်အများစု စာစစ်ဌာနတစ်ခုသာဖွင့်နိုင်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်း စာစစ်ဌာန အသီးသီးတွင် ဝင်ရောက်ဖြေဆိုသူ ခြောက်ထောင်နီးပါးရှိကြောင်း ပြန်ကြားရေးဌာန၏ မှတ်တမ်းမျာ...


၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်း စာစစ်ဌာန အသီးသီးတွင် ဝင်ရောက်ဖြေဆိုသူ ခြောက်ထောင်နီးပါးရှိကြောင်း ပြန်ကြားရေးဌာန၏ မှတ်တမ်းများအရ သိရသည်။တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၆,၃၂၃ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၅,၉၉၁ ရှိကာ ပျက်ကွက်သူ ၃၃၂ ဦးရှိကြောင်း ဖော်ပြသည်။မြိတ်မြို့နယ်တွင် စာဖြေဌာန ခုနစ်ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ သုံးထောင့်လေးရာကျော်ဖြင့် အများဆုံး ဝင်ရောက် ဖြေဆိုခဲ့သည်။ထားဝယ်၊ သရက်ချောင်း၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစု၊ ပုလော မြို့နယ်တို့တွင်မူ စာစစ်ဌာနတစ်ခုတည်းသာ ဖွင့်နိုင်ပြီး မြို့ပေါ်တွင်သာ ဖွင့်နိုင်သည်။

news-view-count-icon

13