တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ သန်းတုန်းမြို့နှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ မြို့တော်ပြုံယမ်းတို့ကို ချိတ်ဆက်ပေးသော နိုင်ငံတကာ ခရီးသည်တင်ရထားကို မတ် ၁၂ ရက်တွင် စတင်ပြေးဆွဲလိုက်ကြောင်း သိရသည်။
ခရီးသည်တင်ရထားတွဲငါးတွဲပါဝင်သည့် အဆိုပါရထားက နယ်စပ်မြို့ သန်းတုန်းမှ ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီတွင် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၆:၀၇ နာရီ၌ ပြုံယမ်းမြို့သို့ ဆိုက်ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။သန်းတုန်းဘူတာရုံရှိ နိုင်ငံတကာထွက်ခွာခန်းမတွင် ရထားအချိန်ဇယားများ၊ အီလက်ထရောနစ်ဖန်သားပြင်များနှင့် ဝန်ဆောင်မှုကောင်တာများတွင် ကိုရီးယားနှင့် တရုတ်ဘာသာနှစ်မျိုးစလုံးဖြင့် ပြသထားကြောင်း သိရသည်။အဆိုပါရထားဝန်ဆောင်မှုမှာ နယ်စပ်ဖြတ်ကျော် ခရီးသွားများအတွက် အရေးကြီးသော ပြတင်းပေါက်အဖြစ်သာမက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေသည့် တက်ကြွသော ချိတ်ဆက်မှုအဖြစ်ပါ ဆောင်ရွက်ပေးမည်ဟု China State Railway Group Co., Ltd. ၏ နိုင်ငံတကာဌာနမှ အမှုဆောင်အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။


