ထိုင်းနိုင်ငံ၊ချွန်ဘူရီပြည်နယ်အတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို နှိမ်နင်းရန်အတွက် ပြည်နယ်အဆင့် အေဂျင်စီများ ပူးပေါင်း၍ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီး နှစ်ခုကို ယမန်နေ့က စီးနင်းစစ်ဆေးခဲ့ရာ တရားမဝင် အလုပ်သမား ၃၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရုံး၏ ညွှန်ကြားချက်အရ အလုပ်သမားရေးရာ ကျွမ်းကျင်သူ မစ္စတာ ခါဂျွန် ဆက်ချန်သောင် ဦးဆောင်သော အဖွဲ့သည် ချွန်ဘူရီပြည်နယ် အလုပ်သမားရုံးနှင့် ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေး ကွပ်ကဲမှုဌာန (ISOC) တို့နှင့် ပူးပေါင်း၍ ခရိုင်နှစ်ခုရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ပစ်မှတ်ထား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။အသေးစိတ် စစ်ဆေးမှုအရ ဖမ်းဆီးရမိသူများအနက် ၃၅ ဦးမှာ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းတို့တွင် တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၁ ဦး (အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၄ ဦး) ပါဝင်သည်။ ၎င်းတို့အားလုံးကို "အလုပ်လုပ်ခွင့်မရှိဘဲ တရားမဝင် အလုပ်လုပ်ခြင်း" ဖြင့် တရားစွဲဆိုရန်အတွက် ဘန်ဘွန်းရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်သည်။စီးနင်းမှု အပြီးတွင် ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ရုံးက တရားမဝင် နိုင်ငံခြားသားများအား အလုပ်ခန့်ထားသည့် လုပ်ငန်းရှင်များကိုလည်း ခြေရာခံ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 
ထိုင်းနိုင်ငံ ချွန်ဘူရီတွင် တရားမဝင် မြန်မာ အလုပ်သမား ၃၁ ဦး ဖမ်းဆီးခံရကာ အလုပ်ရှင်များကိုပါ တရားစွဲဆိုမည်ဟုဆို
Mar 13 • 2:38 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


